ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်..
ဒီပြတိုက်ထဲမှာမှ လှပတဲ့ရေကန်၊ ဂျပန်တွေရဲ့ အနုပညာလက်ရာမြောက်တဲ့ ဖန်အသုံးအဆောင်တွေ၊
ရုပ်ထုပေါင်းစုံရယ် အားလုံးက စိတ်ဝင်စားစရာ ကောင်းလှပါတယ်....
အားလုံးက လူမျိုးပေါင်းစုံဆိုတော့ သူစကားကိုယ်နားမလည်နဲ့ ရယ်စရာတော့အကောင်းသား။
ဒီလို နဲ့ပဲ့ ကျွန်မတို့တနေကုန်အောင် လည်ဖြစ်ခဲ့ကြပါတယ်...
သွားတဲ့ Bus ကားပေါ်မှာလည်း သူတို့ရဲ့ ကလေးသီချင်းကို သီဆိုကြသေးတယ်လေ...
ကျွန်မကိုလည်း မြန်မာကလေးသီချင်းဆိုပြပါဆိုလို့ ဆိုလိုက်ရသေး....
အားလုံးက ဒီလိုပဲ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ ကလေးသီးချင်းလေးတွေကို ဆိုကြရပါတယ်....
ဒီလိုနဲ့ တနေကုန်အောင်လည်ပတ်ပြီး ပြန်လာလိုက်တာ ညနေ ၆ နာရီမှာ ကျွန်မတို့ရဲ့ တစ်နေ့တာ လည်ပတ်ခရီးစဉ်လေး
ပြီးဆုံးသွားပါတော့တယ်ရှင်....
No comments:
Post a Comment