Tuesday 20 October 2009

ငှက်ကလေး

ငှက်ကလေး
ပျံသာပျံပါ ဝေဟင်ထက်ဆီ။

အမြင့်ဆုံး မရောက်တောင်မှ
အနိမ့်ဆုံးတော့ မဖြစ်စေလို၏။

လမ်းမှန်မဟုတ်တောင်မှ
မှားယွင်းတဲ့ ညွှန်ရာကို မဖြစ်စေလို၏။

အပေါင်းလက်ခဏာ မဆောင်တောင်မှ
အနုတ်ဦးတည်မှုကို မဖြစ်စေလို၏။

အကောင်းဆုံးလမ်း မဟုတ်တောင်မှ
မှားယွင်းတဲ့ဘက် မဖြစ်စေလို၏။

အို......
ငှက်ကလေးရယ်
လမ်းမှန်နည်းမှန် သင်ရင်း
သင်သာပဲ့ကိုင် တောင်ပံခတ်ရင်း
ပျံသာပျံပါ အမြင့်ဆီသို့။

1 comment:

  1. အယ်
    ကောင်းလိုက်တဲ့ကဗျာလေး
    ခံစားသွားတယ်နော်
    :D

    ReplyDelete