
မြင်ကွင်း(၁)
ရောင်စုံယာဉ်တန်းတွေနဲ့
ထည်ဝါဆောက်ဦးတွေကြား
ဝဲယာဥဒဟို
သစ်လွင်စိမ်းစို
မျှော်လင့်အပြည့်
ခရီးနှင်သူတွေ...............
မြင်ကွင်း(၂)
ရောင်မှိန်ယာဉ်တန်းတွေနဲ့
သေးသွယ်ဆောက်ဦးတွေကြား
ဝဲယာဥဒဟို
မှိုင်းမှုန်ဝိုးဝါး
မျှော်လင့်မပြည့်
ခရီးနှင်သူတွေ.............
မတူခြားနား
ရောထွေး အတွေး
ရင်ဝယ်စူးနစ်
မျှော်ငေးကြည့်မိ
မညီညာသော
သူတို့တွေရဲ့ အနာဂတ်များ။
ရောင်စုံယာဉ်တန်းတွေနဲ့
ထည်ဝါဆောက်ဦးတွေကြား
ဝဲယာဥဒဟို
သစ်လွင်စိမ်းစို
မျှော်လင့်အပြည့်
ခရီးနှင်သူတွေ...............
မြင်ကွင်း(၂)
ရောင်မှိန်ယာဉ်တန်းတွေနဲ့
သေးသွယ်ဆောက်ဦးတွေကြား
ဝဲယာဥဒဟို
မှိုင်းမှုန်ဝိုးဝါး
မျှော်လင့်မပြည့်
ခရီးနှင်သူတွေ.............
မတူခြားနား
ရောထွေး အတွေး
ရင်ဝယ်စူးနစ်
မျှော်ငေးကြည့်မိ
မညီညာသော
သူတို့တွေရဲ့ အနာဂတ်များ။

ဒီအချိန်ဆို နှင်းတွေ တအားကျနေပြီထင်တယ်နော်.. ရောက်ဖူးချင်တယ်..း))..
ReplyDelete