Monday, 23 November 2009

Nippon-Ham Fighters



22.11.2009 နေ့က Nippon-Ham Fighters(Base Ball) Pacific League Championေဲ့အောင်ပွဲခံ လမ်းလျှောက်ပွဲလုပ်တယ်လေ...သွားကြည့်တာလူတွေကိုတိုးလိုက်ရတာ အများကြီးပဲ...ပျော်စရာလည်းကောင်းပါတယ်...အော်ကျတာလေ...がんばてဆိုပြီး
သူတို့ကိုကြည့်ပြီး ကိုယ်တောင်ပျော်လာတယ်....မနေ့ကမိုးကလည်းမရွာဘူးလေ....အေးတာတော့ တော်တော်အေးတယ်...ဒါပေမဲ့ လူငွေ့တွေနဲ့အေးတောင်မအေးတော့ဘူး.....အားလုံးပဲ မျှဝေခံစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်.....


Sunday, 25 October 2009

အမှတ်တရ အ.မ.က

တပည့်အသီးသီး
အသိအသွယ်သွယ်
ပြည့်ဝစေဖို့
ပင်ပန်းလှစွာ
ဆီမီးကဲ့သို့
လမ်းညွှန်ခဲ့တဲ့.........မြတ်ဆရာ။
နာသုံးနာပိုက်
အနာဂတ်လှဖို့
ထုဆစ်သွန်းလုပ်
ပဲ့ပြင်ဆုံးမ
ဥယျာဉ်မှူးသဖွယ်
ဂုဏ်တင့်တဲ့...........မြတ်ဆရာ။
မြင့်မားမေတ်တာ
ကြီးလှကျေးဇူး
ထုံးမွှမ်းပြည့်လျှမ်း
ဆရာမြတ်ကို
အမြဲနေ့စဉ်
လက်ဆယ်ဖြာမိုး
ဦးညွတ်ပါ၏
ကန်တော့ပါ၏။

အ.မ.က ကျောင်းမှ ဆရာ၊ဆရာမများ အမှတ်တရ

Tuesday, 20 October 2009

ငှက်ကလေး

ငှက်ကလေး
ပျံသာပျံပါ ဝေဟင်ထက်ဆီ။

အမြင့်ဆုံး မရောက်တောင်မှ
အနိမ့်ဆုံးတော့ မဖြစ်စေလို၏။

လမ်းမှန်မဟုတ်တောင်မှ
မှားယွင်းတဲ့ ညွှန်ရာကို မဖြစ်စေလို၏။

အပေါင်းလက်ခဏာ မဆောင်တောင်မှ
အနုတ်ဦးတည်မှုကို မဖြစ်စေလို၏။

အကောင်းဆုံးလမ်း မဟုတ်တောင်မှ
မှားယွင်းတဲ့ဘက် မဖြစ်စေလို၏။

အို......
ငှက်ကလေးရယ်
လမ်းမှန်နည်းမှန် သင်ရင်း
သင်သာပဲ့ကိုင် တောင်ပံခတ်ရင်း
ပျံသာပျံပါ အမြင့်ဆီသို့။