Sunday, 23 August 2009

Sapporo Beer Garden

Hokkaido ကျွန်းရဲ့ Sapporo မြို့မှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ပွဲတော်တွေထဲမှာ Beer Garden လည်းတစ်ခုအပါအ၀င်ပါ။ မြို့ရဲ့လှပတဲ့ Odori Park ထဲမှာ စင်တွေဆောက်၊ ထိုင်ခုံတွေအများကြီးခင်း နံမည်ကျော် Beer Company တွေရဲ့ ဈေးရောင်းပွဲတော်ပေါ့...Company တွေ၊ဌာနအသီးသီးတို့မှ ၀န်ထမ်းတွေ ၊ ကျောင်းသားတွေ၊မြို့နေလူအများစု ပျော်ရွှင်စွာဆင်နွှဲကြတဲ့ ပွဲတော်ပါ..... ပန်းခြံထဲမှာ Beer သောက်တဲ့ပွဲဆိုလည်းမမှားပါဘူး....

Wednesday, 29 July 2009

တစိမ့်စိမ့် အပြာရောင်နှင်းများ



နေရောင်ခြည်က
ပစ်ချခံရတဲ့ ငှက်တကောင်လို
မြေကြီးပေါ် ဖုတ်ခနဲကျလာတယ်။
လက်ဖက်ရည်ဆိုင်ထဲက လူငယ်တွေ
ဖွင်ထားဆဲသီချင်းနဲ့ လိုက်ဆိုတယ်။
အစာရေစာဝလင်တဲ့ ဘတ်စ်ကား
အဘိုးအိုတစ်ယောက်လိုဝင်လာတယ်။
ရုပ်ရှင်ရုံရှေ့ ဖြတ်လျှောက်တော့
နောက်ကွယ်မှာ
လူမမြင်အောင် မွှေနေတဲ့ ကမာများ။
အချစ်ရယ်၊ အလွမ်းရယ် အခွဲတတ်ခဲ့ပါ
ဆာလောင်နေသော မီးတွေဆီ
ကျွန်တော်တို့ အိပ်တန်းပြခဲ့ကြ။
ဝိုင်ချို (ရနံသစ်၊၂၀၀၂ ဖေဖေါ်ဝါရီလ)