Sunday 25 October 2009

အမှတ်တရ အ.မ.က

တပည့်အသီးသီး
အသိအသွယ်သွယ်
ပြည့်ဝစေဖို့
ပင်ပန်းလှစွာ
ဆီမီးကဲ့သို့
လမ်းညွှန်ခဲ့တဲ့.........မြတ်ဆရာ။
နာသုံးနာပိုက်
အနာဂတ်လှဖို့
ထုဆစ်သွန်းလုပ်
ပဲ့ပြင်ဆုံးမ
ဥယျာဉ်မှူးသဖွယ်
ဂုဏ်တင့်တဲ့...........မြတ်ဆရာ။
မြင့်မားမေတ်တာ
ကြီးလှကျေးဇူး
ထုံးမွှမ်းပြည့်လျှမ်း
ဆရာမြတ်ကို
အမြဲနေ့စဉ်
လက်ဆယ်ဖြာမိုး
ဦးညွတ်ပါ၏
ကန်တော့ပါ၏။

အ.မ.က ကျောင်းမှ ဆရာ၊ဆရာမများ အမှတ်တရ

Tuesday 20 October 2009

ငှက်ကလေး

ငှက်ကလေး
ပျံသာပျံပါ ဝေဟင်ထက်ဆီ။

အမြင့်ဆုံး မရောက်တောင်မှ
အနိမ့်ဆုံးတော့ မဖြစ်စေလို၏။

လမ်းမှန်မဟုတ်တောင်မှ
မှားယွင်းတဲ့ ညွှန်ရာကို မဖြစ်စေလို၏။

အပေါင်းလက်ခဏာ မဆောင်တောင်မှ
အနုတ်ဦးတည်မှုကို မဖြစ်စေလို၏။

အကောင်းဆုံးလမ်း မဟုတ်တောင်မှ
မှားယွင်းတဲ့ဘက် မဖြစ်စေလို၏။

အို......
ငှက်ကလေးရယ်
လမ်းမှန်နည်းမှန် သင်ရင်း
သင်သာပဲ့ကိုင် တောင်ပံခတ်ရင်း
ပျံသာပျံပါ အမြင့်ဆီသို့။

Friday 9 October 2009

Suzukino (Sapporo)


7,8 လပိုင်းမှာပြုလုပ်လေ့ရှိတဲ့ သူတိုရဲ့ဂျပန်ရိုးရာ ပွဲတော်တစ်ခုပေါ့.. လျှောက်သွားရင်းနဲ့တွေ့လို့ ဓာတ်ပုံရိုက်လာတာလေ.. ကျွန်မ ပထမဦးဆုံးမြင်ဖူးတာပါပဲ..ကျွန်မရဲ့ အမြင်အရ ထူးဆန်းလို့တင်လိုက်တာပါ.. ဂျပန်ကြီးတွေက အဲလိုဝတ်ပြီး ဂျပန်မလေးတွေကတော့ ကီမိုနိုလေးတွေနဲ့ပေါ့... ကြည့်လိုကောင်းပါတယ်.. သူတို့ထမ်းထားတဲ့ စဉ်ကြီးကို ဟိုဘက်ဒီဘက်တွန်းကြတာလေ...

Tuesday 6 October 2009

Hokkaido University

Hokkaido University ကို လျှောက်လည်တဲ့ နေ့ကမှတ်တမ်းတင်ထားတာပါ....ဓါတ်ပုံရိုက်တာက မကျွမ်းကျင်တဲ့အတွက် လှလှပပတော့ မဟုတ်ဘူးပေါ့.. အားလုံးကို ဝေမျှခြင်တဲ့အတွက်ကြောင့်တင်ထားခြင်းပါ...လိုအပ်တာတွေရှိရင်လည်း သွန်သင်ပေးကြပါနော်...ဒါကတော့ Hokkaido University ရဲ့ Engineering Department ရှေ့ပုံဖြစ်ပါတယ်....သီးခံပြီး ကြည့်ရှု့ပေးကြပါနော်...

Friday 2 October 2009

Sapporo Geijutsu no Mori(sapporo art park)

ကျွန်မတို့သင်တန်းသူအားလုံး သွားလည်ကြတာလေ...
ပျော်စရာ အရမ်းကောင်းခဲ့ပါတယ်..
ဒီပြတိုက်ထဲမှာမှ လှပတဲ့ရေကန်၊ ဂျပန်တွေရဲ့ အနုပညာလက်ရာမြောက်တဲ့ ဖန်အသုံးအဆောင်တွေ၊
ရုပ်ထုပေါင်းစုံရယ် အားလုံးက စိတ်ဝင်စားစရာ ကောင်းလှပါတယ်....
အားလုံးက လူမျိုးပေါင်းစုံဆိုတော့ သူစကားကိုယ်နားမလည်နဲ့ ရယ်စရာတော့အကောင်းသား။
ဒီလို နဲ့ပဲ့ ကျွန်မတို့တနေကုန်အောင် လည်ဖြစ်ခဲ့ကြပါတယ်...
သွားတဲ့ Bus ကားပေါ်မှာလည်း သူတို့ရဲ့ ကလေးသီချင်းကို သီဆိုကြသေးတယ်လေ...
ကျွန်မကိုလည်း မြန်မာကလေးသီချင်းဆိုပြပါဆိုလို့ ဆိုလိုက်ရသေး....
အားလုံးက ဒီလိုပဲ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ ကလေးသီးချင်းလေးတွေကို ဆိုကြရပါတယ်....
ဒီလိုနဲ့ တနေကုန်အောင်လည်ပတ်ပြီး ပြန်လာလိုက်တာ ညနေ ၆ နာရီမှာ ကျွန်မတို့ရဲ့ တစ်နေ့တာ လည်ပတ်ခရီးစဉ်လေး
ပြီးဆုံးသွားပါတော့တယ်ရှင်....