Wednesday 29 July 2009

တစိမ့်စိမ့် အပြာရောင်နှင်းများ



နေရောင်ခြည်က
ပစ်ချခံရတဲ့ ငှက်တကောင်လို
မြေကြီးပေါ် ဖုတ်ခနဲကျလာတယ်။
လက်ဖက်ရည်ဆိုင်ထဲက လူငယ်တွေ
ဖွင်ထားဆဲသီချင်းနဲ့ လိုက်ဆိုတယ်။
အစာရေစာဝလင်တဲ့ ဘတ်စ်ကား
အဘိုးအိုတစ်ယောက်လိုဝင်လာတယ်။
ရုပ်ရှင်ရုံရှေ့ ဖြတ်လျှောက်တော့
နောက်ကွယ်မှာ
လူမမြင်အောင် မွှေနေတဲ့ ကမာများ။
အချစ်ရယ်၊ အလွမ်းရယ် အခွဲတတ်ခဲ့ပါ
ဆာလောင်နေသော မီးတွေဆီ
ကျွန်တော်တို့ အိပ်တန်းပြခဲ့ကြ။
ဝိုင်ချို (ရနံသစ်၊၂၀၀၂ ဖေဖေါ်ဝါရီလ)